Wibiya Toolbar

Wednesday, September 1, 2010

အခြို့ဘလော့တွေမှာတော့ တွေ့တာကြာပြီဗျ … စိတ်ကူးလေးရလို့ ထည့်ကြည့်တာ။ မိုက်တယ် … တော်တော်ကြိုက်သွားတယ်။ အဲဒါနဲ့ ဒီတိုင်းညွှန်းရင် beginner blogger တွေအတွက် အခက်အခဲ ရှိနိုင်တယ်ဆိုပြီး အသေးစိတ်ရေးဖို့ စီစဉ်လိုက်ပါတယ်။ အသုံးဝင်ပုံကို ပြောပြရင်း ကျနော့်ဆီမှာပဲဖြစ်ဖြစ် တခြားဘလော့မှာပဲ ဖြစ်ဖြစ် သုံးတတ်သွားအောင်ဆိုပြီး ရည်ရွယ်တာလည်း ပါပါတယ်။ အဲဒီတော့ blog reader တိုင်း ဖတ်သင့်တယ်လို့ အကြံပြုလိုက်ပါတယ်။ အသုံးဝင်တာတွေ အများကြီးပဲ … အခြားခြားသော အပိုင်းတွေထက် သဘောအကျဆုံးက website အတွင်း live chat ဖြစ်ပါတယ်။ tinychat, twitter, facebook အကောင့်တစ်ခုခုကို သုံးပြီး ကျနော့်ဘလော့ထဲမှာ online ရှိနေသူ အချင်းချင်း တိုက်ရိုက် chatting လုပ်နိုင်မှာဖြစ်ပါတယ်။ အစီအစဉ်တကျ ပြောရအောင်ဗျာ … ဖတ်ကြည့်လိုက်ပါဦး။




website တွေကို ပိုမိုကျယ်ပြန့်စွာ သုံးတတ်လာပြီးနောက် blog တွေကိုလည်း စိတ်ဝင်တစားနဲ့ ဖတ်ရှူလာကြပါတယ်။ စက္ကန့်ပိုင်းအတွင်း သတင်းတွေရရှိနိုင်အောင် ကြိုးစားလာကြတယ်။ up to date ဖြစ်တာနဲ့ မိမိ သိနိုင်အောင်ပေါ့။ အဲလို သိမှလည်း အိုင်တီခေတ်ကို အမှီလိုက်နိုင်မယ့် အခြေအနေကိုး။ အဲဒါတွေကြောင့် facebook တို့လို ဘက်စုံသုံး profile web တွေ ရှိလာသလို၊ twitter တို့လို စာပို့ခိုလေးတွေလည်း ရှိလာပါတယ်။ (ဘာမှ မဆိုင်ပဲ လျှာရှည်တာပါ)။ အခု toolbar ကို wibiya ကနေပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ အထက်ပါပုံများမှာ လင့်ပေးထားပါတယ်။ အသုံးပြုနိုင်တဲ့ blog platform တွေကိုလည်း တွေ့မှာပါ။ အဲဒီနေရာကို နှိပ်ကြည့်ပါ။ သူ့မှာ အသုံးပြုနိုင်တဲ့ applications အားလုံးကို မြင်တွေ့နိုင်မှာပါ။ ကျနော့်မှာ ထည့်ထားတာတွေကိုပဲ သုံးတတ်အောင် ပြောပြပါ့မယ်။ ပြီးမှ မိမိဘလော့မှာ ကိုယ်တိုင်ထည့်နိုင်အောင် ပြောပြမယ်။
1 … Search box ဖြစ်ပါတယ်။ ကျနော့်ဆိုဒ်ထဲက လိုချင်တာကို ရှာနိုင်သလို၊ google search အနေနဲ့လည်း ပြောင်းပြီး ရှာလိုက်လို့ရပါတယ်။ ဘလော့ဖတ်နေရင်း google.com ကို ထပ်မခေါ်ရတော့ဘူးပေါ့။
Image Hosting by imagefra.me
2 … Recent posts များဖြစ်ပါတယ်။ ကျနော့်ဘလော့ widget မှာ Random post အတွက်ပဲ ရှိပါတယ်။ ကြုံရာကျဘမ်း ပို့စ်တွေကို ပြသနေမှာ ဖြစ်လို့ ကျနော့်ဘလော့ရဲ့ ပို့စ်အားလုံး မဖတ်ရသေးသူတွေအတွက် refresh ဆိုတာလေးကို နှိပ်လိုက်တိုင်း ၁၀ ခုစီပြောင်း သွားတဲ့ ခေါင်းစဉ်တွေထဲက မိမိသဘောကျရာ နှိပ်ဖတ်နိုင်ပါတယ်။ အခု toolbar မှာကျတော့ recent post ပါလာတော့ widget နှစ်ခု ထည့်စရာမလိုတော့ဘူးပေါ့။
Image Hosting by imagefra.me
3 … Online user ကို ပြသနေမှာဖြစ်ပြီး၊ အဲဒီနေရာကို နှိပ်လိုက်ရင် လက်ရှိ မိမိနှင့်အတူ online မှာ ဖတ်နေသူတွေရဲ့ နေရာဒေသတွေကိုပါ မြင်နိုင်ပါလိမ့်မယ်။
Image Hosting by imagefra.me
4 … Game အတွက်ဖြစ်ပြီး ကြိုက်နှစ်သက်ရာ ရှာဖွေဆော့နိုင်ပါတယ်။ ဘလော့ဖတ်ရင်း အပျင်းပြေတာပေါ့။ (နက်မကောင်းလို့ ဆော့မရရင်တော့ “ကျနော်နှင့် မသက်ဆိုင်သော” လို့ပဲ ပြောရမှာပေါ့)
Image Hosting by imagefra.me
5 … feed reader အတွက် subscribe လုပ်နိုင်ဖို့ဖြစ်ပါတယ်။ ၀ိုင်းပြထားတဲ့ အီးမေးလ်ဆိုတာကို နှိပ်ပြီး မိမိ email ဆိုတာကို ဖြည့်ပေးလိုက်ခြင်းဖြင့် ကျနော်အသစ်ရေးလိုက်တိုင်း မိမိ email ထဲ အလိုလို လာပြပေးပါလိမ့်မယ်။ post အတွက် pdf ပေးထားခဲ့ရင် အီးမေးလ်ထဲမှာတင် ထို pdf ကို ဒေါင်းပြီး ပို့စ်ကို ebook အဖြစ် ဖတ်နိုင်မှာပါ။ (ဘလော့ရဲ့ widget မှာလည်း email reader အတွက် ထည့်ပေးထားပါတယ်) အခြားသော google, yahoo စတဲ့ reader တွေအဖြစ်နဲ့လည်း ရယူနိုင်ဖို့အတွက် ပေးထားပါတယ်။
Image Hosting by imagefra.me
6 … share icon ဖြစ်ပါတယ်။ လက်ရှိဖတ်နေတဲ့ ပို့စ်ကို ဘယ်ကို ပို့ပြီး share လုပ်ချင်လဲ one click ပဲ နှိပ်လိုက်ပါ။
Image Hosting by imagefra.me
7 … Facebook fan အတွက်ဖြစ်ပါတယ်။ (ဘလော့ widget မှာလည်း တွေ့မှာပါ)။ မင်ဘာ မ၀င်ရသေးရင် Become a fan ဆိုပြီး ပြထားတဲ့အတိုင်း ပေါ်နေမှာပါ။ အဲဒါကို နှိပ်ပြီး မင်ဘာ ၀င်လိုက်ခြင်းဖြင့် ကျနော်အသစ်တင်တင်ချင်း မိမိရဲ့ facebook accout မှာ အချက်ပေးပါလိမ့်မယ်။ facebook မှာတင် ရေးထားတဲ့ အကြောင်းအရာကို သိနိုင်ပါလိမ့်မယ်။ welcome to my fan ….
Image Hosting by imagefra.me
8 … FB community ဖြစ်ပါတယ်။ join community ကို နှိပ်ပြီး ကွန်မန့်ပေးခြင်းနှင့် မိမိ share ပေးလိုသမျှကို ရေးသားပြောဆိုနိုင်မှာပါ။
Image Hosting by imagefra.me
9 … twitter အတွက် icon ဖြစ်ပါတယ်။ (blog widget မှာလည်း t ဆိုတဲ့ icon လေးကို တွေ့မှာပါ)။ အဲဒီ စာပို့ခို လေးက ကျနော် ပို့စ်ရေးပြီးလျှင် ပြီးချင်း စက္ကန့်ပိုင်းအတွင်း သင့်ဆီ အကြောင်းကြားပေးပါလိမ့်မယ်။ အကယ်ဤ သင့်ရဲ့ twitter account ကို mobile နဲ့ပါ ချိတ်ပေးထားလိုက်ရင် ဖုန်းထဲထိ လာပြောပေးပါလိမ့်မယ်။ လက်ရှိအခြေအနေမှာ FB နဲ့ twitter account မှ မရှိသေးရင် သင်တော်တော် ခေတ်နောက်ကျနေပါပြီ။ ကျနော့် ဘလော့ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ follow me on twitter …
Image Hosting by imagefra.me
10 … join chat တဲ့ … ကျနော်အကြိုက်ဆုံးလို့ ပြောခဲ့တယ်လေ။ cbox ကို သုံးမယ်ဆိုရင်တောင် premium user မှပဲ အခုလို live chat လုပ်နိုင်မှာပါ။ ဒီနေရာလေးကို နှိပ်ပြီး မိမိမှာအဆင်သင့်ရှိပြီးသား tinychat, twitter, facebook တစ်ခုခုကို နစ်ဝင်လိုက်ပါ။ connect လုပ်ပြီး Facebook Connect: Successful လို့ ပြတဲ့အထိပေါ့။ တကယ်လို့ facebook ဆီ ရောက်သွားပြီး ကျနော့် blog မပေါ်တော့ဘူးဆိုရင် address bar ကနေပဲ နောက်တစ်ခါ ဘလော့ဆီ ပြန်လာလိုက်ပါ။ join chat ဆိုတဲ့နေရာမှာ သင့်အတွက် တစ်ယောက်စာတိုးသွားပါပြီ။ ချက်ပေတော့ ရှိတဲ့လူနဲ့ … ဘလော့ထဲမှာ အလကားလုပ်ပေးထားတဲ့ ချက်ဆိုပြီး အထင်တော့ မသေးနဲ့ဗျ။ voice call, video call အကုန်ပါတယ်။ စမ်းကြည့်ကြပေါ့ …
Image Hosting by imagefra.me
Image Hosting by imagefra.me
11 … last notification ဖြစ်ပါတယ်။ ကျနော့်ရဲ့ လက်ရှိအနေအထားနဲ့ ပြောချင်တာတွေ ရှိခဲ့ရင် ကြော်ငြာသင်ပုန်းအနေနဲ့ အမြဲရေးထားပါ့မယ်။ အဲဒါလေး နှိပ်ပြီးကြည့်ကြည့်ကြပေါ့ ….
Image Hosting by imagefra.me
ကဲ ဘယ့်နှယ့်ရှိစ … heart ထိရဲ့လား။ တော်ရုံလူကတော့ လင့်ကို ရတာနဲ့ လုပ်တတ်ပြီ ဖြစ်ပါတယ်။ www.wibiya.com/ ကို သွား။ sign up လုပ်။ toolbar စတိုင်ရွေးပေး။ မလိုချင်ရှိရင် ကြက်ခြေခတ်ကို နှိပ်ပြီးဖြုတ်။ ပြီးရင် အသုံးပြုမယ့် Blog platform ကို ရွေးပေးလိုက်။ ဒီအဆင့်လေးဆင့်ပဲ လုပ်ရမှာပါ။ အရမ်းမြန်သလို အမှားအယွင်းလည်း မရှိနိုင်ပါဘူး။
Image Hosting by imagefra.me
Image Hosting by imagefra.me
Image Hosting by imagefra.me
Image Hosting by imagefra.me
(မိမိရဲ့ facebook fan ID ကို မသိဘူးဆိုရင် fan ရဲ့ ဘယ်ဘက်ဒေါင့်မှာ ပြနေတဲ့ logo ကို နှိပ်လိုက်ပါ။ address bar မှာ id= ဆိုပြီး ပြနေပါလိမ့်မယ်။ 1234 စတဲ့ ဂဏန်းတွေ သက်သက်ပဲ ဖြစ်ပါတယ်။ အောက်ပုံမှာ ပြထားပါတယ်)
Image Hosting by imagefra.me
Image Hosting by imagefra.me
တကယ်လို့ wordpress မှာ သုံးမယ်ဆိုရင်တော့ plugin ကို download ပေးပါလိမ့်မယ်။ အဲဒါကို မိမိ wp ရဲ့ add new ကနေပြီး upload တင်ပေးလိုက်ပါ။ plug in active ပေးပြီးတာနဲ့ appearance ထဲမှာ Wibiya Configuration ဆိုပြီး ပေါ်လာပါလိမ့်မယ်။ enable/ disable နေရာမှာ ပေါ်ချင်ရင် check ပေးပြီး toolbar ID ကို ထည့်ပေးရမှာဖြစ်ပါတယ်။ အဲဒီမှာ ထည့်ရမယ့် ID ကို ခုနက www.wibiya.com ရဲ့ blog platform ရွေးခိုင်းတဲ့ နေရာမှာ ပြထားပါလိမ့်မယ်။ များသောအားဖြင့် 12345 စတဲ့ ဂဏန်း ငါးလုံးပဲဖြစ်ပါတယ်။ wibiya ရဲ့ dashboard ကနေပြီး ထပ်ထည့်ချင်တဲ့ application တွေ ထည့်နိုင်သလို၊ notification မှာ ရေးချင်တာတွေအတွက်လည်း ရေးဖို့ ပေးထားတာတွေ့ပါလိမ့်မယ်။
Blogger အတွက် ဆိုရင်တော့ အလိုလို widget ထည့်ဖို့ ရွေးခိုင်းတဲ့ နေရာ ရောက်သွားပါလိမ့်မယ်။
Image Hosting by imagefra.me
လွယ်မှ လွယ်ပဲ သံလုံငယ် ရေ လို့တောင် ပြောယူရမယ် … ။ (blogger မှာဆိုရင်တော့ notification က ဘလော့ဝင်လိုက်တာနဲ့ ပေါ်ပေါ်လာပြီး ပြပါတယ်။ wp မှာဆိုရင်တော့ နှိပ်ကြည့်မှ ပေါ်ပါတယ်။ ကျန်တဲ့ platform တွေမှာတော့ ကျနော်လည်း မသိပါ)

Credit From Thanlonnge
အဆင်ပြေ ကျေနပ် နိုင်ကြပါစေ …

0 comments:

Post a Comment